စံကားအင်း လူထုအခြေပြု ခရီးသွားလုပ်ငန်း သည် EPIC -(ရိုးရာယဉ်ကျေးမှု့နှင့်သဘာဝ သယံဇာတများကို တိုးပွားစေခြင်းဖြင့်အင်းလေးဒေသစီးပွားရေးကို တိုးမြှင့်တင်ခြင်း) စီမံကိန်း မှစတင်၍လုပ်ဆောင်ခဲ့ပြီး ဖွံဖြိုးတိုးတက်မှု့ ပူးပေါင်းဆောင်ရွှက်ရေး အီတလီ အေးဂျင့်စီမှ ငွေကြေးထောက်ပံ့ခဲ့ ပါသည်၊
ICEI အဖွဲ့အစည်း မှ ဦးဆောင်ပြီး InleSpeaks နှင့် Dear Myanmar ဒေသဆိုင်ရာ မိတ်ဖက်အဖွဲ့ တို့နှင့် ပူးပေါင်း ၍စံကားဒေသအတွင်းရှိ ကျေးရွှာနေလူထုများဖြင့် CBT လုပ်ငန်းများ တိုးတက်ရေး ဆောင်ရွှက်ခဲ့ကြပါသည်၊
ICEI မှ လူထု အခြေပြုခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့များဖြစ်ပေါ် ဖွဲ့ စည်းရေး ၊ ဝန်ဆောင်မှု့နှင့် လူ့ စွမ်းအားမြှင့်တင်ရေး၊တာဝန်သိခရီးသွား လုပ်ငန်း တိုးတက်ရေး အသိ၊အတတ်ပညာ ဆိုင်ရာသင်တန်းများကို ကျယ်ပြန်စွာ ဖွင့်လှစ်ပေးခြင်း များပြုလုပ်ပေးခဲ့သည်။
စံကားအင်း လူထုအခြေပြု ခရီးသွားလုပ်ငန်း တွင် ရှမ်း ၊ ပအိုဝ်း၊ အင်းသား၊ လူမျိုးစု ၃ အုပ်စုပါဝင်ပါသည်။
ယနေ့ စံကား အင်း ကမ်းခြေ ရှိ CBT ရွှာ ၃ ရွှာ မှာ ကမ္ဘာကျော် အင်းလေးကန်၏တောင်ဖက် ၃၅ မိုင်ခန့်အကွာ တွင်စံကား ၊သာယာကုန်း နှင့် ကုန်းသာ ကျေးရွှာ များတွင်တည်ရှိပါသည်၊
ကျေးရွှာတိုင်းတွင်CBTကော်မတီအဖွဲ့များရှိပြီးအရေးကြီးသောဆုံးဖြတ်ချက်များကို၊ဧည့်သည်များ
အတွက်စောင့်ရှောက် ဝန်ဆောင်မှု့ပေးသောအုပ်စုများ၊အချက်အပြုတ်အဖွဲ့များ၊လှေလှော်သားအဖွဲ့များနှင့် ဧည့်လမ်းပြအဖွဲ့ များဖွဲ့စည်းထား ရှိသည်၊
“စံကား”အမည်မှာ ဒေသအခေါ် စံကားပန်းကိုအစွဲပြု ၍ခေါ် ဆို ခြင်းဖြစ်သည်၊ စံကားပန်းသည်ဤရွှာ၏အမှတ်လဏ္ခာ ဖြစ်ပြီးဒေသနေဧည့်လမ်းပြများမှဧည့်သည်များကိုရှေးဟောင်းသမိုင်းများနှင့်စိတ်ဝင်စားဖွယ် ဒဏ္ဏာရီများ ၊စံကားအင်း၏ပုံပြင်များနှင့်ဒေသနေ လူများအကြောင်းကို ပျော်ရွှင်စွာဖြင့် လှည့်လည်ရင်းရှင်းပြကြသည်၊