တည်းခို ရသည့်နေရာထိုင်ခင်း

တည်းခိုဆောင

၂၀၂၀ ဖေဖော်ဝါရီလတွင်စံကားခမ်းတည်းခိုဆောင်နှင့်စားသောက်ဆိုင်ကိုအီတလီနိုင်ငံနှင့်မြန်မာနိုင်ငံအစိုးရမှ တာဝန်ရှိသော လူကြီးမင်းများကဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ သည်။

တည်းခို‌ဆောင်သည်ဧည့်သည်များအတွက် အေးဆေးစွာ အနား ယူရန်အတွက် နေရာထိုင်ခင်းတည်ဆောက်ထားရုံ သာမက ဧည့်သည်များဒေသရဲ့စစ်မှန်တဲ့ ဒေသတွင်နေထိုင်သူများလို  ညအိပ် အနားယူနိုင်သော အဆောက်အဉီး တစ်ခုဖြစ်သည်။ စံကားအင်း CBT ၏ ခရီးစဉ်များအားလုံးအတွက် လှပသောဥယျာဉ်နှင့် ခရီးစဉ်အားလုံးအတွက်သတင်းအချက်အလက် များ အချက်အချာကျရာ နေရာ တစ်ခုဖြစ်သည်။

 အိပ်ဆောင်တွင် အိပ်ခန်း (၃) ခန်း ပါရှိပြီး ရေချိုးခန်း၊ သီးခြား အိမ်သာ  များ ရှိ၍ အေးဆေးစွာ အနားယူ အပန်းဖြေနိုင်သည်၊ သက်တောင့်သက်သာ ထိုင်စရာ ဆိုဖာထိုင်ခုံများနှင့် ပုခက်များ ပါရှိသော အခန်းပါရှိသည်။ စံကားခမ်းတည်းခိုဆောင်သည် စံကားရွာ၏ အလယ်ဗဟို တွင် တည်ရှိသည်။

စံကားခမ်းစားသောက်ဆိုင်မှ  ဧည့်သည်များ ကို ကျေးရွာအတွင်းရှိCBTအချက်အပြုတ်ဝန်ဆောင်မှုပေးသူများအဖွဲ့ ၏ပြင်ဆင်ချက်ပြုတ်သည့်ရိုးရာအစားအစာများကိုမြည်းစမ်းရင်း  အေးဆေးတည်ငြိမ်သော သဘာဝ ပတ် ၀ န်းကျင်ကိုခံစားရမည်ဖြစ်သည်။ ကျေးရွာ၌ ည အိပ်ဧည့်သည်များ ရွာပတ်ဝန်းကျင်တွင် အခမဲ့ စက်ဘီး များ စီး၍လည်ပတ်နိုင်ရန် စီစဉ်ပေးထားသည်။

ဤဝဘ်ဆိုဒ် ကိုဖွံဖြိုးတိုးတက်မှု့ ပူးပေါင်းဆောင်ရွှက်ရေး အီတလီအေးဂျင့်စီ မှထောက်ပံ့ပါသည်၊ ဤမာတိကာ ပါအကြောင်းအရာများနှင့် ထုတ်လုပ်ခြင်းအစီအစဉ်များ သည် ICEI

အဖွဲ့တွင်သာ အပြည့်အဝတာဝန်ရှိပြီးအေးဂျင့်၏ အာဘော်အမြင်များကိုကိုယ်စားမပြုပါ။

ဆက်သွယ်ရန်-

ဖုန်း –  09 895023930