စံကားအင်း လူထုအခြေပြု ခရီးသွားလုပ်ငန်း

စံကားအင်း လူထုအခြေပြု ခရီးသွားလုပ်ငန်း

စံကားအင်း လူထုအခြေပြု ခရီးသွားလုပ်ငန်း သည် EPIC -(ရိုးရာယဉ်ကျေးမှု့နှင့်သဘာဝ သယံဇာတများကို တိုးပွားစေခြင်းဖြင့်အင်းလေးဒေသစီးပွားရေးကို တိုးမြှင့်တင်ခြင်း) စီမံကိန်း မှစတင်၍လုပ်ဆောင်ခဲ့ပြီး ဖွံဖြိုးတိုးတက်မှု့ ပူးပေါင်းဆောင်ရွှက်ရေး အီတလီ အေးဂျင့်စီမှ ငွေကြေးထောက်ပံ့ခဲ့ ပါသည်၊

ICEI အဖွဲ့အစည်း မှ ဦးဆောင်ပြီး InleSpeaks နှင့်  Dear Myanmar ဒေသဆိုင်ရာ မိတ်ဖက်အဖွဲ့ တို့နှင့် ပူးပေါင်း ၍စံကားဒေသအတွင်းရှိ ကျေးရွှာနေလူထုများဖြင့် CBT လုပ်ငန်းများ တိုးတက်ရေး ဆောင်ရွှက်ခဲ့ကြပါသည်၊

ICEI မှ လူထု အခြေပြုခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့များဖြစ်ပေါ် ဖွဲ့ စည်းရေး ၊ ဝန်ဆောင်မှု့နှင့် လူ့ စွမ်းအားမြှင့်တင်ရေး၊တာဝန်သိခရီးသွား လုပ်ငန်း တိုးတက်ရေး အသိ၊အတတ်ပညာ ဆိုင်ရာသင်တန်းများကို ကျယ်ပြန်စွာ ဖွင့်လှစ်ပေးခြင်း များပြုလုပ်ပေးခဲ့သည်။

စံကားအင်း လူထုအခြေပြု ခရီးသွားလုပ်ငန်း တွင် ရှမ်း ၊ ပအိုဝ်း၊ အင်းသား၊ လူမျိုးစု ၃ အုပ်စုပါဝင်ပါသည်။

ယနေ့  စံကား အင်း ကမ်းခြေ ရှိ CBT ရွှာ ၃ ရွှာ မှာ ကမ္ဘာကျော် အင်းလေးကန်၏တောင်ဖက် ၃၅ မိုင်ခန့်အကွာ တွင်စံကား ၊သာယာကုန်း နှင့် ကုန်းသာ ကျေးရွှာ များတွင်တည်ရှိပါသည်၊

ကျေးရွှာတိုင်းတွင်CBTကော်မတီအဖွဲ့များရှိပြီးအရေးကြီးသောဆုံးဖြတ်ချက်များကို၊ဧည့်သည်များ

အတွက်စောင့်ရှောက် ဝန်ဆောင်မှု့ပေးသောအုပ်စုများ၊အချက်အပြုတ်အဖွဲ့များ၊လှေလှော်သားအဖွဲ့များနှင့် ဧည့်လမ်းပြအဖွဲ့ များဖွဲ့စည်းထား ရှိသည်၊

 

“စံကား”အမည်မှာ ဒေသအခေါ် စံကားပန်းကိုအစွဲပြု ၍ခေါ် ဆို ခြင်းဖြစ်သည်၊ စံကားပန်းသည်ဤရွှာ၏အမှတ်လဏ္ခာ ဖြစ်ပြီးဒေသနေဧည့်လမ်းပြများမှဧည့်သည်များကိုရှေးဟောင်းသမိုင်းများနှင့်စိတ်ဝင်စားဖွယ် ဒဏ္ဏာရီများ ၊စံကားအင်း၏ပုံပြင်များနှင့်ဒေသနေ လူများအကြောင်းကို ပျော်ရွှင်စွာဖြင့် လှည့်လည်ရင်းရှင်းပြကြသည်၊

Explore Samkar Inle -အက်ပလီကေးရှင်းကို ဒေါင်းလောဒ့် ဆွဲ နိုင်သည်၊

Explore Samkar (စံကား တခွင် လှည့်လည်ခြင်း) – စံကားဒေသတခွင် အကြောင်းထဲထဲဝင်ဝင် မြေပုံနှင့်တကွသို့မဟုတ် စာရင်းအတိုင်းလည်ပတ်နိုင်သည်၊

ဤဒေသ၏ ယဉ်ကျေးမှု့ ၊သဘာဝဆိုင်ရာ၊ကိုးကွယ်ယုံကြည်မှု့ များနှင့် သက်ရှိယဉ်ကျေးမှု့များကို  လည်ပတ်သည့်နေရာ ပတ်လည် တွင် လည်ပတ်ရောက်ရှိခိုက်အစစ်အမှန် မျက်မြင် ခံစားရမှု့များ၊သတင်းအချက်အလက်များကို လက်တွေ့ရယူ၍ သက်ဝင်ခံစားကြည့် နိုင်သည်၊

ငြင်းဆို ချက်

ကျေးဇူးပြု၍ အသိပေးလိုသည်မှာ ခရီးစဉ် များလှည့်လည်ရေးတွင်ဒေသနေဧည့်လမ်းပြများသည်မြန်မာဘာသာဖြင့် ရှင်းလင်းမည်ဖြစ်သဖြင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များ၊အင်္ဂလိပ်စကားပြောဧည့်လမ်းညွှန်များကို ခရီးသွားအေးဂျင့်များအော်ပရေတာများမှ စီစဉ်ပေးမည်ဖြစ်သည်။

စံကားအင်း လူထုအခြေပြု ခရီးသွားလုပ်ငန်းသည် ပလပ်စတစ်အသုံးပြုမှု့ ကိုလျှော့ချလိုပါသဖြင့် ဧည့်သည်များသည်မိမိတို့၏ကိုယ်ပိုင်ရေဗူးများ ယူဆောင်လာပေးပါရန် လေးစာစွာ ဖိတ်ခေါ်အပ်ပါသည်၊ရေသန့်ပြန် ဖြည့်နိုင်သည့်ရေဗူးစင်များကို CBT ကျေးရွှာတိုင်းတွင်ထားရှိပေးပါသည်။

ကျေးဇူးပြု၍ ကြိုတင်မှတ်သားထားစေလိုသည်မှာ CBT ကော်မတီအဖွဲ့ဝင်များသည် ခရီးသွားလုပ်ငန်း ကိုကျွမ်းကျင်သူများမဟုတ်ကြပါ၊ ဧည့်သည်များကြိုဆိုရေးတွင် အကောင်းဆုံးဖြစ်စေရန်နှင့် ပြင်ဆင်ချိန်ကောင်းစွာရရှိရန် ၁ ရက်ကြိုတင်မှာယူပါရန်၊သို့ပါ၍ သင့်အနေဖြင့် CBT ၏ခရီးစဉ် ဖျက်သိမ်းခြင်း မှုဝါဒ ကိုကောင်းစွာနားလည်စေချင်ပါသည်။

CBT ကိုဘယ်လိုသွား ရမလဲ

စံကားအင်း CBT သည် အင်းလေးကန်၏တောင်ဖက် ၃၅ မိုင်ခန့် အကွာအဝေးတွင် တည်ရှိသည်၊

ကျေးဇူပြု၍ သင့်၏ခရီးစဉ်အစီအစဉ်များတွင် အကြို/အပို့ အစီအစဉ် များပါ/မပါ၊အင်္ဂလိပ် စကားပြန်ဧည့်လမ်းညွှန်များ ပါ/မပါ၊ခရီးသွားအေးဂျင့်များ၊အော်ပရေတာများမှ စီစဉ်ထားခြင်းရှိ/မရှိ သေချာစွာ စစ်ဆေးရန်လိုအပ်ပါသည်။

ဤဝဘ်ဆိုဒ် ကိုဖွံဖြိုးတိုးတက်မှု့ ပူးပေါင်းဆောင်ရွှက်ရေး အီတလီအေးဂျင့်စီ မှထောက်ပံ့ပါသည်၊ ဤမာတိကာ ပါအကြောင်းအရာများနှင့် ထုတ်လုပ်ခြင်းအစီအစဉ်များ သည် ICEI

အဖွဲ့တွင်သာ အပြည့်အဝတာဝန်ရှိပြီးအေးဂျင့်၏ အာဘော်အမြင်များကိုကိုယ်စားမပြုပါ။

ဆက်သွယ်ရန်-

ဖုန်း –  09 895023930