ခံစားနိုင်မည့် အတွေ့အကြုံများ

ရရှိခံစားနိုင်မည့် ကျွန်ုပ်တို့၏ ခရီးစဉ်များနှင် ဝန်ဆောင်မှု့များ

ဖောင်စီး၍ လည်ပတ်ခြင်း ခရီးစဉ်

အင်းရေကန်အတွင်း စိတ်အပန်းဖြေ ရင်း ရှေးဟောင်း တာရိုးကို လည်းလေ့လာနိုင်ပြီး လမ်းတလျောက်မှာ ဒေသနေဧည့်လမ်းပြမှပြောပြမဲ့ ရွာအကြောင်းနဲ့ဒဏ္ဏာရီဇာတ်လမ်းလေးများလည်းကြားရလိမ့်မည်၊

ဒေသနေသူများရဲ့ ရိုးရာ နေ့လည်စာ

ဒေသနေသူများကိုယ်တိုင်ချက်ပြုတ်တဲ့ ရိုးရာနေ့လည်စာ,ရှမ်း,အင်းသားနှင့် ပအိုဝ်းတိုင်းရင်းသား လူမျိုးများရဲ့ရိုးရာအစားများအပြင် စံကားပန်းပွင့်ကြော်ရဲ့အရသာကိုပါ မည်းစမ်းကြည့်နိုင်ပါသည်၊

လက်လှော်လှေငယ် ခရီးစဉ်

ရိုးရာ လက်လှော်လှေငယ် ခရီးစဉ်,လှေလှော် သူ/သား တို့က   ရိုးရာ လှေလှော်နည်းများအပြင် ခြေတဖက်ဖြင့် လှေလှော်တာ စီးရင်း ရေထဲရေမြှပ်နေတဲ့ဘုရားများကို ဖူးမျှော်နိုင်ပါသည်၊

အမွေအနှစ်လေ့လာရေး လမ်းလျှောက် ခရီးစဉ်များ

အမွေအနှစ်လေ့လာရေး လမ်းလျှောက် ခရီးစဉ်မှ လှုပ်ရှားသက်ဝင်မှု့များနှင့် အပြန်အလှန် အကျိုးရှိနေသောအလုပ်ရုံများ

လူမျိုးစုပေါင်းစုံတို့ရဲ့ အစားအသာက်ခံစားမှု့ အတွေ့အကြုံ များ

လူမျိုးစုပေါင်းစုံ တို့ရဲ့ အစားအသောက်ခံစားမှု့ အတွေ့အကြုံများ,အထူးသဖြင့် အစုအဖွဲ့ ခရီးသွားများပို၍သင့်တော်သည်,စိတ်ကြိုက်ကိုယ်တိုင်ယူစနစ်ဖြင့် စွဲမက်ဖွယ်စစ်မှန်တဲ့ဒေသရိုးရာ အစားအစာများဖြင့်တည်ခင်းခြင်း,ဒေသရိုးရာ အစားအစာ အမျိုးစုံစုံလင်လင်ကို တနေရာတည်းတွင် စားသောက်နိုင်မည်ဖြစ်သည်၊

စံကား ကျေးရွာလူထုရဲ့ အိပ်ဆောင်

ရက်ရှည်လည်ပတ် သူများအတွက်အိပ်ရန်နေရာမှာ ဝါးအိပ်ဆောင်ဖြစ်ပြီး ပန်းမျိုးစုံတဲ့ ဉယျာဉ်လေးနဲ့ နွေးထွေး၍သက်တောင့်သက်သာရှိတဲ့ ခန်းမ ပါထားရှိပါသည်၊

ကျေးရွာလူထုရဲ့ စားသောက်ဆိုင်

ကျေုးရွာလူထု CBT ရဲ့အချက်အပြုတ်အဖွဲ့မှရိုးရာချက်ပြုတ်နည်းများဖြင့်စနစ်တကျ စီမံချက်ပြုတ်ထားသောရိုးရာ ညစာကို နွေးထွေးတဲ့ဝန်ဆောင်မှု့များနဲ့စားသောက်ဆိုင်တွင်စားသောက်နိုင်ပါသည်၊

‌‌ကျေးဇူပြု၍ အသိပေးလိုသည်မှာ ကျွန်ုပ်တို့၏ဝန်ဆောင်မှု့များမှာ ရွေးချယ်ပြီးခရီးစဉ်များအလိုက် နေ့တဝက်ခရီးစဉ်,တရက်ပြည့် ခရီးစဉ်,တစ်ညအိပ်နှစ်ရက်ခရီး(သို့)အခြား၊

 ခရီးစဉ်တိုင်းအတွက်  ခရီးစဉ်များတွင်ပါဝင်သူများသာမက ဒေသနေလူထု များအတွက်ပါ အကျိုးအမြတ်ရမှု့ ပါဝင်စေပါသည်၊

ပိုမိုသိရှိလိုပါက ခရီးသွား အေဂျင့်များထံတွင်ဆက်သွယ် စုံစမ်းနိုင်ပါသည်၊

ခရီးစဉ် တစ်ခု ကြိုတင် ဝယ်တော့ မလား ?

Samkar Lake CBT works with national and international Tour Operators. Please check with your Tour Operator that offers tours to Samkar Lake CBT.

Travel Agencies in Nyaung Shwe: Thu Thu Travel, Fantastic Inle Travels&Tours

ဤဝဘ်ဆိုဒ် ကိုဖွံဖြိုးတိုးတက်မှု့ ပူးပေါင်းဆောင်ရွှက်ရေး အီတလီအေးဂျင့်စီ မှထောက်ပံ့ပါသည်၊ ဤမာတိကာ ပါအကြောင်းအရာများနှင့် ထုတ်လုပ်ခြင်းအစီအစဉ်များ သည် ICEI

အဖွဲ့တွင်သာ အပြည့်အဝတာဝန်ရှိပြီးအေးဂျင့်၏ အာဘော်အမြင်များကိုကိုယ်စားမပြုပါ။

ဆက်သွယ်ရန်-

ဖုန်း –  09 895023930